Statements

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးနှင့်ပတ်သက်၍ “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”၏ ထုတ်ပြန်ချက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးနှင့်ပတ်သက်၍ “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”၏ ထုတ်ပြန်ချက်

စာအမှတ် – ၀၀၁/၂၀၁၇

 

၂၀၁၇ ခုနှစ်၊ မေလ (၁၇)ရက်နေ့ ပန်ခမ်းမြို့တွင် ကျင်းပပြုလုပ်သော “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့်ပတ်သက်၍ အစည်းအဝေးသဘောတူညီချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။ မကြာမီ ပြန်လည်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုပါသည်။

၂။ အားလုံးပါဝင်ရေးမူကို အလေးထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမထားရှိဘဲ တန်းတူရည်တူပါဝင်ခွင့်ရှိရန် တိုက်တွန်းပါသည်။

၃။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ စတုတ္ထအကြိမ်ပန်ခမ်းညီလာခံမှ ဖွဲ့စည်းလိုက်သော “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’၏ အဖွဲ့ဝင် (၇)ဖွဲ့သည် တစ်ဖွဲ့ချင်းစီမဟုတ်ဘဲ ကော်မတီအနေဖြင့်တက်ရောက်ရန် အဆင်သင့်ရှိပါသည်။

၎။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရန် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန်လိုအပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်တို့အနေဖြင့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’နှင့် လျင်မြန်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

 

“ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’
ULA/AA, KIO/KIA, MNTJP/MNDAA, PSLF/TNLA
SSPP/SSA, PSC/NDAA, UWSP/UWSA
၂၀၁၇ ခုနှစ်၊ မေလ (၁၇)ရက်

Leave a Reply

Your email address will not be published. Required fields are marked *