BattleNews

၂၀၁၇ ခုနှစ် မတ်လ (၄) ရက်နေ့ တိုက်ပွဲသတင်း

၂၀၁၇ ခုနှစ် မတ်လ (၄) ရက်နေ့ တိုက်ပွဲသတင်း

(၁) ၂၀၁၇ ခုနှစ် ၊မတ်လ (၄) ရက်နေ့၊နံနက် (၃) နာရီ (၃၀) မိနစ်တွင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ မြန်မာစစ်တပ်၏ တပ်မ (၃၃) တပ်စခန်းအား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ၀င်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့သည်။

(၂) ထိုသို့ရှင်းလင်းရာတွင် ရန်သူ၏ လက်နက်ငယ် (၈)လက် ၊ကျည်မျိုးစုံနှင့် ခဲယမ်းမီးကျောက်များ၊ တပ်မ (၃၃)၊ ခမရ (၁၁၁) အမှတ်တံဆိပ်ပါ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ချပ်ဝတ်တန်ဆာများကိုသိမ်းဆည်းရမိခဲ့သည်။

(၃) မိုင်းယုလေးကျေးရွာရှိ မြန်မာစစ်တပ်၏တပ်မ (၃၃) သည် ပန်းဆေးပြည်သူ့စစ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့နှင့် ပူးပေါင်းကာ မိုင်းယုလေး ကျေးရွာတွင် စခန်းချပြီး မူးယစ်ဆေးဝါး မျိုးစုံရောင်းချဖြန့်ဖြူးခြင်း၊ ဒေသအတွင်း အပြစ်မဲ့အရပ်သားခရီးသွားပြည်သူများအား အကြောင်းမဲ့မတရားဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း၊ ဒေသခံများမှ စားသုံးရန် ဆန်၊ဆီ၊ ရိက္ခာများ သယ်ဆောင်လာပါကလည်းကန့် သတ် ဖမ်းဆီးခြင်း၊သိမ်းဆည်းခြင်းနှင့် ရိုက်နှက်ခြင်းများကိုဆက်တိုက်ပြုလုပ်နေခဲ့သည်။

(၄)ထိုသို့ အကြိမ်ကြိမ် အဓမ္မ ကျူးလွန် ချိုးဖောက်နေမှုကြောင့် အရပ်သားပြည်သူလူထု(တအာင်းလူထု)များမှာ စိုးရိမ်ထိတ်လန့်ခြင်းများစွာဖြင့်ထိခိုက်နစ်နာမှုရှိခဲ့ရပါသည်။

(၅) ထို့အပြင် ရန်သူသည် ၎င်းစခန်း၌ အခြေချပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးရောင်းချနေမှုများကိုဒိုင်ခံပြုလုပ်နေသည်များကိုတွေ့ရှိနေရပြီး ဒေသခံများမှာမူးယစ်သားကောင်ဘဝသို့ရောက်ရှိမှုပိုမိုများပြားလာနေပါသည်။

(၆) ဒေသခံများမှာလည်း မူးယစ်ဆေးသုံးစွဲမှုများပိုမိုများပြားလာခဲ့ရပြီးဒုက္ခသည် စခန်းအထိ မူးယစ်ဆေးဝါးများကို အတင့်ရဲဖြန့်ဖြူးရာင်းချမှုများအထိဖြစ်လာသောကြောင့်၎င်းစခန်းအား ၀င်ရောက်တိုက်ခိုက်ရှင်းလင်းရခြင်း ဖြစ်ပါသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့
Northern Alliance (Burma)
We Fight , We Win