BattleNews

၂၀၁၇-ခုနှစ်​ စက်​တင်​ဘာလ (၁၇) ရက်​ မှ (၁၉) ရက်အထိတိုက်ပွဲသတင်းများ

(၁) စက်တင်ဘာလအတွင်းတအန်းဒေသ၌တိုက်ပွဲများပိုပိုများပြားလာခဲ့ကာ စက်တင်ဘာ (၁၁) မှ (၁၉) ရက်အတွင်းတိုက်ပွဲ(၈) ကြိမ်အ ထိရှိခဲ့သည်။

(၂)စက်တင်ဘာလ(၁၇) ရက်နေ့၌ တအန်းပြည်၊ နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်းရွာ အရှေ့ဖက် ၃ မိုင်ကျော် အကွာတွင် နံနက်(၁၀) နာရီခန့်မှ နေ့လည်(၁၁)နာရီခန့်အထိ တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၄၃၄) နှင့် ဗမာစစ်တပ်၏တပ်မ (၇၇)တို့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(၃) ထို့အတူ နမ့်​ဆန်​မြို့နယ်​ နမ့်​​ခေး​ကျေးရွာနှင့်​ ပန်ကျရော့ကျေး ရွာကြားတွင်​ ယနေ့ စက်တင်ဘာလ(၁၉)ရက်၊နံနက် (၀၈)နာရီမှ (၂၀) မိနစ်မှ (၀၈)နာရီ(၅၀)မိနစ်အထိ TNLA တပ်​ရင်း (၄၃၄) နှင့်​လွန်ခဲ့သောရက်များတွင်ဖြစ်ပွားခဲ့သောဗမာစစ်တပ်၏ တပ်​မ (၇၇) တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။၎င်းတိုက်​ပွဲအတွင်းဗမာစစ်တပ်ဖက်မှ အရာရှိ (၁) ဦး အပါအ၀င် (၃) ဦးကျဆုံးပြီးဒဏ်ရာရသူများလည်းရှိခဲ့သည်။

(၄) စက်တင်ဘာလအတွင်း ရန်သူသည်မိမိတို့တပ်များလှုပ်ရှားရာဒေသအတွင်းသို့ခပ်စိပ်စိပ်ထိုးစစ်ဆင် ပြုလုပ်လာနေသောကြောင့်တိုက်ပွဲများနေ့စဉ်ရက်ဆက်ပြန်လည်ဖြစ်ပွားလာရခြင်းဖြစ်သည်။

(၅) ရခိုင်ဒေသတွင်လည်း ဘင်္ဂလီအကြမ်းဖက်သမားများကိုတိုက်ခိုက်ရန်ခေါင်းစဉ်ဖြင့် စစ်လက်နက်၊လူအင်အားများကိုနေ့တိုင်းအင်အားဖြည့်တင်းနေသော်လည်း ၎င်းနောက်တိုးအင်အားများမှာ အကြမ်းဖက်မှုဖြစ်ပွားသည့်နေရာများသို့မရောက်ရှိဘဲ ရက္ခိုင့်တပ်မတော်တပ်ဖွဲ့များလှုပ်ရှားသည့်နေရာများသို့ပို့ဆောင်နေသောကြောင့် ရခိုင်ဒေသအတွင်းတွင်လည်းနောက်ထပ်တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။

(၆) ထို့အတူ ကိုးကန့်၊ကချင်ဒေသများအတွင်းသို့လည်း ၎င်းနည်းတူစစ်အင်အား၊စစ်သည်အင်အားများထပ်မံဖြည့်တင်းနေခြင်း၊ လက်နက်ကြီးများဖြင့်ရန်စပစ်ခတ်တိုက်ခိုက်နေခြင်းများကိုနေ့တိုင်းပြုလုပ်နေသည်။

(၇) ထို့ကြောင့် ဗမာစစ်တပ်၏ မိမိတို့လူမျိုးများဒေသအတွင်း၌ရန်လိုသောအပြုအမှု၊ ရန်စမှုများ၊ဗမာမဟုတ်သည့်တိုင်းရင်းသားလူမျိုးများအားအကြောင်းမဲ့သတ်ဖြတ်ခြင်းများမှာ၎င်းဒေသများ၌ တကြော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားရန် ဗမာစစ်တပ်မှအကွက်ကျကျစီစဉ်နေခြင်းဟုကောက်ချက်ချရပေမည်။

We Fight, We Win

Leave a Reply

Your email address will not be published. Required fields are marked *